Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဧပြီလ (၂၂) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော တိုက်ကြီး မှ ကနစိုးသီး တစ်တွဲ ကျပ် ၁၀၀၀၊ ကျိုက်ကော်မှ နှင်းသီး တောင်းတစ်တောင်း ကျပ် ၁၂၀၀၀၊  ကျိုက်ကော်မှ နာနတ်သီး ကျပ် ၄၀၀၀ /၃၀၀၀/၂၀၀၀ ကျပ်၊ ရေးမှ မင်းကွတ်သီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀ မှ ၁၂၀၀၀၀၊  ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်သေတ္တာ  ကျပ် ၃၅၀၀၀၊ ရေးမှ ဒူးရင်းသီး ကျပ် ၂၈၀၀၀/၁၆၀၀၀/၁၀၀၀၀၊  ဧရာဝတီတိုင်း၊ မန္တလေး မှ သင်္ဘောသီး ကျပ် ၅၀၀၀ မှ ၁၅၀၀၊  အောင်ပန်း မှ လိမ္မော်သီး တစ်လုံး၇၀၀ မှ ၅၀၀ ကျပ်၊ မော်လမြိုင် မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၆၀၀၀ မှ ၅၀၀၀ မှ ၄၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်တစ်အိတ်  ၈၅၀၀၀ ကျပ်၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၅၀၀၀၀/၁၃၀၀၀၀၊  ဘီးလင်းမှ ပိန္နဲသီး ၃၅၀၀၀/၂၀၀၀၀/၁၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ မချစ်စု တောင်းတစ်တောင်း ၇၀၀၀၀ မှ ၅၀၀၀၀ ကျပ်၊ သရက်သီး စိန်တစ်လုံး ၆၀၀၀၀ ကျပ် ၊ သရက်သီး (ရင်ကွဲ)  ၄၅၀၀၀/၂၅၀၀၀ ကျပ်၊ ကျပ်တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)