Main menu

ချောက်မြို့အမှတ်(၂)အ.ထ.ကတွင် ကျောင်းသား/ကျောင်းသူ(၂၉၀)ဦးအား အသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် ချောက်မြို့၊ အမှတ်(၂) အထက်တန်းကျောင်း၌ ကျောင်းကျန်းမာ‌ရေးအဖွဲ့နှင့်ပူးပေါင်းပြီး စားသုံးသူအကာအကွယ်‌ပေးရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၂- ခုနှစ်၊ ဇူလိုင်လ(၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီမှ (၁၁:၀၀)နာရီထိ ဆောင်ရွက်ခဲ့ပါသည်။

            ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ပေးရေး ဥပဒေ-၂၀၁၉အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရမည့်အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းမုန့်စျေးတန်းအား ကျောင်းကျန်းမာရေး တာဝန်ခံနှင့်အဖွဲ့၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမတို့နှင့် ပူးပေါင်းပြီး သက်တမ်းလွန်၊ မှိုတက်နှင့်ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများ မရောင်းချရေး ကျောင်းမုန့်စျေးသည်များအား အသိပညာပေးဆွေးနွေးပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲသို့ အထက(၂) ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ကျောင်းသား/ကျောင်းသူ (၂၉၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)