Main menu

ပဉ္စမအကြိမ်မြောက် ထိုင်းနှင့် ဥရောပသမဂ္ဂကုန်သွယ်ရေးဆွေးနွေးမှုပြီးမြောက်

Powered by Drupal

   ပဉ္စမအကြိမ်မြောက် ထိုင်းနှင့်ဥရောကသမဂ္ဂ(EU) လွတ်လပ်သောကုန်သွယ်ရေး ဆွေးနွေးမှုသည် အပြန်အလှန် စိတ်ကျေနပ်မှုရရှိခဲ့ကြကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan ကပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdikul ကနှစ်ဖက်စလုံးသည် ထပ်တိုးကဏ္ဍနှစ်ခုတွင် မူအားဖြင့်သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဏ္ဍများမှာ အကောက်ခွန် လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးတို့ဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက် စလုံးသည် ကုန်ပစ္စည်းများအတွက် ဈေးကွက်ဝင်ရောက်ရာလမ်းကြောင်းအပေါ် ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဇွန်လတွင် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ကနဦးကမ်းလှမ်းမှုများ ဖလှယ်သွားမည်ဟု သိရပါသည်။ ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုကို ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဟု သိရပါသည်။ ကုန်သွယ်ရေးဆိုင်ရာ ဥရောပ ကော်မရှင်နာ Maros Sefcovic  က EU သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သဘောတူညီချက်အပြီးသတ်နိုင်ရေးအတွက် အမြန်အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံနှင့် နီးကပ်စွာလုပ်ကိုင်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ သဘောတူညီချက်ပြီးမြောက်ပါက နှစ်ဖက်စလုံးအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကြီးထွားမှုတို့တွင် သိသာ ထင်ရှားသည့် အကျိုးကျေးဇူးများကိုရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။

Ref.. Bangkok post

DOCA(ရန်ကုန်)