Main menu

မြင်းခြံကုလားပဲဈေးကွက် သင်္ကြန်ပြီးကာလ ဈေးအနည်းငယ်မြင့်တက်လာ

Powered by Drupal

မြင်းခြံကုလားပဲဈေးကွက် သင်္ကြန်ပြီးကာလ ဈေးအနည်းငယ်မြင့်တက်လာကြောင်း နေ့စဉ်ရောင်းဝယ်နေသော အရောင်းအဝယ်ဈေးနှုန်းစာရင်းများအရ သိရသည်။ သက်ဆိုင်ရာ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စိုက်ပျိုးထွက်ရှိမှုစာရင်းများအရလည်း စိုက်ဧက အားလုံးနီးပါးရိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။ထွက်ရှိသော ကုလားပဲများကိုလည်း မြင်းခြံ ဈေးကွက်ကိုအားပြုရောင်းဝယ်လျက်ရှိရာ သင်္ကြန်ပြီးကာလ နယ်ဝယ်လက်၊ မြို့ပေါ် လှောင်လက်နှင့်ခွဲခြမ်းသမားအဝယ်ရှိသည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ်သည် အထွက်လည်းနည်းကြောင်း ထပ်မံ၍လည်း ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ကုန်သည်တစ်ဦး၏ သုံးသပ်ပြောကြားမှုအရသိရသည်။ ဈေးနှုန်းအနေဖြင့် သင်္ကြန်မတိုင်မီကာလတွင် ကုလားပဲ ဗွီးတူ တစ်ပိဿာ ၃၉၀၀-၄၀၀၀ ကျပ် ၊ ခွဲခြမ်းတစ်ပိဿာ ၅၇၀၀ ကျပ်ရှိပါကြောင်း သင်္ကြန်ပြီးကာလတွင် ကုလားပဲ ဗွီးတူးတစ်ပိသာ ၄၂၀၀-၄၂၅၀ ကျပ် ၊ ခွခြမ်းတစ်ပိဿာ ၅၈၀၀-၅၉၀၀ ကျပ်ဈေးရှိပြီး အိတ် ၅၀၀ နှင့် ၆၀၀ အကြား အရောင်းအဝယ်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)