
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက် ပုဇွန်တောင်လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်ဘဲဈေးဒိုင်၏ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ဈေးကွက်သတင်းများအရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်များရှိ ကြက်/ဘဲ ဝင်ရောက်မှုများမှာ ယနေ့ ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြံ အသီးသီးမှာ ကြက် ကားစီးရေ (၂၇)စီး ၊ ဧရာဝတီတိုင်းမှကြက်ကားစီးရေ(၁၉)စီး ၊ပဲခူးတိုင်းဒေသကြီးမှ ကြက်ကားစီးရေ (၁၆)စီး၊ စုစုပေါင်း ကြက်ကားစီးရေ(၆၂) စီး အဝင်/ အထွက်ရောင်းချလျက်ရှိကြောင်း သိရှိရပြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့ စုစုပေါင်း ကြက်ကား (၄၂) စီး အဝင်/အထွက် ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် အကောင်ပြတ် တစ်ပိဿာ ဈေးနှုန်းမှာ ဗမာကြက် (၁၃၀၀၀ မှ ၃၂၀၀၀)ကျပ် ၊ကြက်နီ (မွေးထီး/ မွေးမ)(၁၂၂၀၀မှ၁၂၅၀၀ )ကျပ် တို့ ရှိပါသည်။ စီပီ အသားတိုးကြက်မှာ တစ်ပိဿာ (၉၅၀၀ မှ ၁၁၀၀၀)ကျပ် နှင့် ချယ်ရီ / ဘယ်ရီဘဲ တစ်ပိဿာ (၁၅၀၀၀ မှ ၁၇၀၀၀) ကျပ် ၊ ဓာတ်ဘဲ တစ်ပိဿာ ၆၀၀၀ မှ ၉၀၀၀ ကျပ်တို့ရှိကြောင်း သိရှိရပြီး အထူးသဖြင့် စီပီ အသားတိုးကြက်မှာ အများဆုံးရောင်းချရကြောင်း တစ်ရက်လျှင် ပိဿာ (၅၆၀၀၀) ခန့်နှင့် ကြက်နီ(မွေးထီး/မ)များမှာ တစ်နေ့လျှင် ပိဿာ ( ၁၂၅၀၀ ) ခန့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ၏ ကြက်/ဘဲ ဈေးနှုန်းများသိသိသာသာ ပြောင်းလဲခြင်းမရှိ ၊ ကုန်စည်စီးဆင်းမှုမှာလည်း ပုံမှန်အတိုင်းဖြင့်ဈေးကွက်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)