Main menu

မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင်တင်ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၈.၄.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ရောင်းချသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်များတွင် ဆန်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချရန် အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)