Main menu

မကွေးမြို့၊ ဆည်မြောင်းစျေးတွင် မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း

Powered by Drupal

            စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စာသုံးဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွှတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၄.၇.၂၀၂၂)ရက်နေ့တွင်မကွေးမြို့၊ ဆည်မြောင်းစျေး၌ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် Grand Unity Co.ltdမှ ဝယ်ယူရရှိသော လက်ကားဆီကုန်သည် ဦးနေလင်းအောင်၏ စားအုန်းဆီများကို တစ်ပိဿာလျှင် (၆၂၀ဝိ/-)နှုန်းဖြင့် စားသုံးသူပြည်သူများကို ရောင်းချပေးနေမှုအား သွားရောက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများ မှန်ကန်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေ‌ရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီ‌ရောင်းချပေးသော မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဌာနမှ သတ်မှတ်ထားသော  Food Grade အဆင့်ရှိ Yellow Colour Drum နှင့် Clean Drum များ ပြောင်းလဲသုံးစွဲလာခြင်းကိုလည်း ဌာနမှအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)