Main menu

ကန်ကြီးထောင့်မြို့နယ် ကန်စွန်းဥဈေးကွက်

Powered by Drupal

           ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးခြင်း သီးနှံအခြောက်ခံခြင်းနှင့် ပူတင်းဖုတ်ခြင်းစသည့်ဖြင့် အမျိုးမျိုးစားသုံးကြောင်း သိရပါသည်။ ကန်စွန်းဥအတွင်းသားများမှာ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့် အဝါနုရောင်တို့အား ဈေးကွက်တွင် အများဆုံး တွေ့ရပါသည်။ ကန်စွန်းဥ စားသုံးခြင်းဖြင့် အာဟာရဓာတ်ကြွယ်ဝခြင်း၊ သွေးတွင်း သကြားဓာတ် ထိန်းညှိပေးခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ် ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

          ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဈေးကွက်အတွင်းရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာဈေးနှုန်း ခရမ်းရောင် (၆၀၀၀/-) ကျပ်နှင့် (၇၀၀၀/-) ကျပ်၊ လိမ္မော်ရောင်နှင့် အဝါနုရောင် (၅၀၀၀/-) ကျပ်နှင့် (၆၀၀၀/-) ကျပ် ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)