Main menu

ရွှေဘိုမြို့ရှိ စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီမှ (၇.၆.၂၀၂၂) ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါစက်သုံးဆီ Terminalများမှ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ စက်သုံဆီများတင်ပို့မှုအပေါ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီသို့ စက်သုံးဆီBowserယာဉ်များ ရောက်ရှိမှုအခြေပြဇယား များကိုပြန်လည်တင်ပြခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် ရွှေဘိုမြို့၊ တဂဏန်းကျေးရွာရှိ ရွှေမိစက်သုံးဆီအရောင်းဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် မြောင်းကြီး ကျေးရွာရှိ ငြိမ်းချမ်းရေး စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် စက်သုံးဆီအမျိုးအစားလိုက် ရည်ညွှန်းလက်လီဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီBowserယာဉ်များရောက်ရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ရွှေဘိုခရိုင်အနေဖြင့် မြို့နယ်(၆)မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၅၅)ဆိုင်ရှိပြီး လုပ်ငန်းရှင်များမှ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာရောင်းဈေးမှာ မန္တလေးဈေးနှင့် မုံရွာဈေးများကို အခြေခံပြီး ရွှေဘိုခရိုင် မြို့နယ်များ၏ ခရီးအကွာအဝေးလိုက် သယ်ယူပို့ဆောင်ခပေါင်း၍ တွက်ချက်ရောင်းချကြောင်း၊ ရွှေဘိုမြို့ရှိ စက်သုံးဆီဆိုင်များအနေဖြင့် ယခုအချိန်တွင် အခြားသောစက်သုံးဆီများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နွေစပါးများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းပြီးသောလယ်မြေများ ပြန်လည်ထွန်ယက်ပြုပြင်ချိန်ဖြစ်၍ ပရီမီယမ်ဒီဇယ်များပို၍ ရောင်းအားကောင်းကြောင်း သိရှိရပါသည်။

            ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ဈေးကွက်အတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊  ဌာနအနေဖြင့် စက်သုံးဆီBowser ယာဉ်များရောက်ရှိမှုနှင့် ဆိုင်အလိုက် စက်သုံးဆီတစ်လီတာရောင်းဈေးများ နေ့စဉ်တင်ပြရသဖြင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍မေးမြန်းပါက ပြန်လည်ဖြေကြားပေးရန်ဆွေးနွေးခဲ့ပြီး စက်သုံးဆီရောင်းချသည့် တစ်လီတာဈေးနှုန်းများကိုစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)