Main menu

ကွမ်းရွက်အသုံးဝင်ပုံနှင့်ဈေးကွက်

Powered by Drupal

   ကွမ်းပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ကွမ်းရွက်မှာ ကျန်းမာရေး အတွက် အထောက် အကူပေးနိုင့်သည့် ဓာတ်တေအများကြီးပါဝင်နေပါသည်။ကွမ်းရွက်ဆိုတာက စပ်ရှား ရှားအနံ့မွှေးမွှေးလေးရှိပြီးထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည် ဝိုင်းဝိုင်ပုံစံဖြစ်ပါသည်။ကွမ်းရွက်ကို ကွမ်းစားဖို့ အတွက်အသုံးများကျပါသည်။ကွမ်းယာနေနဲ့ ကွမ်ရွက်ကိုရှေ့ယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။

   ကွမ်းရွက်ကကျန်းမာရေးအားနိသင်ကြွယ်ဝပေမဲ့ ဆေးရွက်ကြီးတွေ၊ကွမ်းသီးတွေ၊ဆေးအ မျိုးမျိုးနဲ့ တွဲစားလျှင်ခံတွင်းကင်ဆာဖြစ်နိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရရှိနိုင်ပါသည်။ကွမ်းစား ရင်ထည့်စားတတ်တဲ့ထုံးကခံတွင်းကိုပေါက်ပြဲစေပြီးထိခိုက်အနာတရဖြစ်စေနိုင်ပါသည်။ ဒါကြောင့်ကွမ်းစားတာကိုတော့အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေး အတွက်အထောက်အကူပြုတာမို့စားသုံးပေးလို့ရပါတယ်။ ကွမ်းရွက်ဆေးဖက်ဝင်တဲ့ အားနိသင် ကောင်းကျိုးများကတော့ဆီးချိုးအတွက်ကောင်းပြီးသွေးတွင်းသကြားဓာတ်ကိုလည်းကျဆင်းနိုင် ပါသည်။ကိုယ်အလေးချိန်ကိုလည်းကျဆင်းနိုင်ပါသည်။ ခန္ဓာကိုယ်၏အဆီတွေကိုလည်းကျဆင်း ပြီးဇီဝဖြစ်စဉ်တေကိုလည်းတိုးတက်ကောင်းမွန်စေပါသည်။ခေါင်းအရမ်းကိုက်နေရင်လည်းကွမ်းရွက်ကို ချေပြီးရှုပေးတာ၊နားထင်မှာကွမ်းရွက်ကပ်ပေးတာမျိုးလုပ်ပေးခြင်းဖြင့်ခေါင်းကိုက်တာကို သိသိသာသာသက်သာစေပါသည်။

  ကွမ်းရွက်တွင် ကောင်းကျိုးရှိသလိုဆိုးကျိုးဖြစ်ရန်သတိပေးချက်အနေဖြင့် ကွမ်းယာကို မကြာခနဝါးစားတာကြောင့်ခံတွင်းမှာကင်ဆာဖြစ်နိုင်ခြေရှိပါသည်။အကြောင်းကတော့ ကွမ်းယာ ထဲမှာထည့်သုံးသောဆေးနှင့်တခြားပါဝင်ပစ္စည်းတေကြောင့်ဖြစ်ပါသည်။ဒါကြောင့်ကွမ်းစားတတ်သူတွေအနေနှင့်ကွမ်းယာကိုတော့တတ်နိုင်သမျှလျှော့စားသင့်ပါသည်။ကွမ်းရွက်က ဆေးဖက်ဝင် သောကြောင့်အသုံးပြုသင့်ပင်မဲ့လည်းအလွန်အကျွံမသုံးပါနဲ့။ ရောဂါအခံရှိသူတွေ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်ဆေးသောက်နေရသောသူတွေဆရာဝန်နဲ့ တိုင်ပင်ပြီးမှအသုံးပြုသင့်ပါသည်။

  မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်ကွမ်း၊မတ္တရာကွမ်းများ၊တံတားဦး၊စဉ့်ကိုင်၊ မြစ်သားတို့တွင်အများဆုံးဝင်ရောက်လျှက်ရှိပြီးဒေသအလိုက်တစ်ပိဿာလျှင်(၁၂၀၀၀-၁၄၀၀၀) ကျပ် အထိဈေးနှုန်းများရှိကြောင်း မန္တလေးဈေးကွက်အရ သိရှိရပါသည်။

DOCA(မန္တလေး)