
မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ စဉ့်ကိုင်၊တံတားဦး၊မြစ်သား၊ကူမဲနှင့်ပုသိမ်ကြီး မတ္တရာဒေသများမှ ဖရဲ ၊ သခွားနှင့်သင်္ဘောသီးမှည့်များ ဝင်ရောက်လျက်ရှိပါသည်။သင်္ဘောသီးကို ထိုင်ဝမ်သင်္ဘောနှင့် ဗမာသင်္ဘောဟူ၍ နှစ်မျိုးဝင်ရောက်ပြီး သခွားမွှေးကို ပိုက်ကွက်နှင့်ရွှေသခွားဟူ၍ရှိပါသည်။စားသုံးသူများအနေနှင့် ရွှေသခွားမွှေးအဝိုင်းလုံးကြီးကို ပို၍ကြိုက်နှစ်သက်ကြပါသည်။မန်းမြို့တွင်း သစ်သီးဝလံဈေးနှုန်းဈေးကွက်အနေနှင့် ရွှေသခွားအဝိုင်းလုံးကြီးတစ်လုံးလျှင် ၃၅၀၀ကျပ်မှ၄၀၀၀ကျပ် ၊ လုံးရှည်တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ် ၊ ဝိုင်းသေးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ၂၀၀၀ကျပ် ၊ ပိုက်ကွက်သခွားလုံးကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ၂၅၀၀ကျပ် ၊ ဖရဲဈေးကွက်အနေနှင့် လုံးကြီးတစ်လုံးလျှင် ၅၀၀၀ကျပ်မှ၅၅၀၀ကျပ် ၊ လုံးလတ်တစ်လုံးလျှင် ၃၀၀၀ကျပ်မှ၃၅၀၀ကျပ် ၊ လုံးသေးတစ်လုံးလျှင် ၂၀၀၀ကျပ်မှ၂၅၀၀ကျပ် ၊ သင်္ဘောသီးမှည့်အနေနှင့် ထိုင်ဝမ်လုံးကြီးတစ်လုံးလျှင် ၄၅၀၀ကျပ် ၊ လုံးလတ်တစ်လုံးလျှင် ၂၅၀၀ကျပ်မှ၃၀၀၀ကျပ် ၊ လုံးသေးတစ်လုံးလျှင်၁၅၀၀ကျပ်မှ၂၀၀၀ကျပ်၊ ဗမာသီးလုံးကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ် ၊ လုံးလတ်တစ်လုံးလျှင် ၂၀၀၀ကျပ်မှ၂၅၀၀ကျပ် ၊လုံးသေးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ၁၅၀၀ကျပ် ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ရာသီဥပူလာသည်နှင့်အမျှ အအေးဆိုင်များတွင် သစ်သီးဖျော်ရည်များ ရောင်းအားကောင်းလာခြင်းနှင့်စားသုံးသူပြည်သူများအနေနှင့်လည်း ယခင်ထက် သစ်သီးဝလံများအား ပိုမိုဝယ်ယူလျက်ရှိသောကြောင့် ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)