Main menu

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ (၈.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ကျွန်းမြို့၊ဗိုလ်ချုပ်ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များ၌ ဟင်းသီး/ဟင်းရွက်ဆီဘူးများ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ဖြင့် ဈေးကွက်အတွင်းအချို့သောစားသုံး ဆီများကို ဟင်းသီးဟင်းရွက်ဆီ  Vagetable  Oil , Cooking  Oil ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျှက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်၊ သို့ဖြစ်ပါ၍ စားသုံးသူများထင်ယောင်ထင်မှားမဖြစ် စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေးအတွက် သက်ဆိုင်ရာစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးအစားနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်၊ ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး ဤညွှန်ကြားချက်သည်  (၂၀.၁၂.၂၀၂၁)ရက်နေ့မှ    ထုတ်ပြန်သည့် (၆)လပြည့်မြောက်သည့်နေ့မှစတင်ကာ အာဏာသက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဤညွှန်ကြားချက်အပိုဒ်(၄)ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပေးပြောကြားစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)