
ဘရူနိုင်းနိုင်ငံသည် Brunei Vision 2035 နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့်အညီ ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သော တိုးတက်မှုကို ရရှိစေရန်အတွက် သမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) နှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန်အတွက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ဘရူနိုင်းဝန်ကြီးချုပ်ရုံးမှ ဘဏ္ဍာရေးနှင့် စီးပွားရေးဒုတိယဝန်ကြီး Haji Mahd Amin Liew Abdullah နှင့် ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja နှင့်တွေ့ဆုံစဉ် စီးပွားရေး၊ ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်အောင် မဟာဗျူဟာများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များသည် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ သောနိုင်ငံတော်တိုးတက်မှုကိုရရှိစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ UNDP ၏ ပံ့ပိုးကူညီမှု ဖြင့် ဘရူနိုင်းနိုင်ငံသည်နိုင်ငံ၏ အစိုးအရရည်မှန်းချက်များ အတိုင်းဆက်လက်ရပ် တည်သွားရန် ရည်မှန်းထားပြီး အေးချမ်းသာယာ၍ ပြည်သူများအား အဆင့်အတန်းမြင့်မားသော သုခချမ်းသာကို ခံစားနိုင်စေရန်ရည်မှန်းထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)