ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၈.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီက အမှတ်(၆) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိမရှိ နယ်မြေဈေးကွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် လပွတ္တာမြို့ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ဈေးများတွင်ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီဘူးများ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁)ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်၊ (၁/၂၀၂၁)အရ ဈေးကွက်အတွင်း အချို့သောစားသုံးသူများကို ဟင်းသီးဟင်းရွက်ဆီ Vagetable Oil , Cooking Oil ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်၊ သို့ဖြစ်ပါ၍ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာ ဘာသာဖြင့်ဖော်ပြရမည်၊ ဤညွှန်ကြားချက် ထုတ်ပြန်ပြီး(၆)လပြည့်မြောက်သည့်နေ့မှစတင်ကာ အာဏာသက်ရောက်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ဤညွှန်ကြားချက်အပိုဒ်(၄)ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြားကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့်ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)