
၂၉-၄-၂၀၂၅နေ့ နံနက် (၀၈း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဝန်ထမ်းများသည် မြို့နယ်တွင်း ကြက်ဥ၊ဘဲဥရောင်းချနေသည့် အရောင်းဆိုင်များအား လက်လီ၊လက်ကား ဈေးနှုန်းဈေးကွက်အခြေအနေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နြို့နယ်စည်ပင်သာယာအဖွဲ့တိုနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချီမီဇင် ဒု-ဦးစီးမှူးက ဈေးကွက်အတွင် ကြက်ဥ၊ ဘဲဥ လက်ကားအရောင်းဆိုင်(၇)ဆိုင်မှ လုပ်ငန်းရှင်တို့၏ ရောင်းချနေမှူကို မေးမြန်းဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင် ကြက်ခြံများမှ မှာယူရောင်းချကြပြီး ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်းမပြုရန်၊ လက်ရှိရောင်းဝယ်နေသည့် ဈေးနှုန်းတို့ကို စာရင်းကောက်ယူခဲ့ပြီး စားသုံးသူပြည်သူများကို သင့်တင်မျှတသောဈေးဖြင့် ရောင်းချရန်နှင့် ဈေးနှုန်း နှိုင်းယှဉ်ချက် အခြေအနေများကို စိစစ်ဆောင်ရွက်လျက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝိသမလောဘဖြင့် ရောင်းချမှုမပြုရန် သတ်မှတ်ချက်များအတိုင်း အများပြည်သူများကို ရောင်းချရန်တို့ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)