Main menu

မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Tuesday Talk ကျင်းပပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၂/၂၀၂၂)အား ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

             အဆိုပါဆွေးနွေးပွဲတွင် အသိပညာပေးဟောပြောသူ စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်သင်းသင်းထွေး(ဒုလက်ထောက်ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံရန်လိုအပ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)