Main menu

လွိုင်ကော်မြို့သရက်သီး၊ ကြက်သွန်နီနှင့် ဘဲဥဈေးနှုန်းဈေးကွက်

Powered by Drupal

    ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဧပြီလ စတုတ္ထအပတ်တွင် ဈေးကွက်အတွင်း စိန်တလုံးသရက်သီးများအား အများအပြား စတင်တွေ့ရှိရပါသည်။ ၎င်းသရက်သီးများအား မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး (၁)လုံးလျှင် (၁၅၀၀)ကျပ်ခန့်ဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီများကို မိတ္ထိလာမြို့မှ မှာယူတင်သွင်းရောင်းချ လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်ခန့်ရှိပါသည်။ ဘဲဥ များကို တောင်ကြီးမှ မှာယူတင်သွင်းရောင်းချလျက်ရှိပြီး ဘဲဥဈေးနှုန်းမှာ တစ်လုံးလျှင်(၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ဈေး ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(ကယား)