Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အိမ်မဲအထက်ပိုင်းရပ်ကွက်၊မြို့မ(၂) (အ-မ-က)ကျောင်းတွင် ကျောင်းသား/ သူ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှင်းလင်းပြောကြားပြီး စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ ကျောင်းသား/သူများအား စားသုံးရန်မသင့်သောအစားအစာများနှင့် ဆိုးဆေးများ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်စသည်တို့ကို ကျောင်းသား/သူများ မှတ်မိလွယ်စေရန် အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပါသည်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/သူ(၁၁၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)