Main menu

ဗန်းမော်မြို့ပေါ်ရှိ ဆန်စက်၊ ဆန်ပွဲရုံ၊ ဆန်ဆိုင်များ့ မြေပြင်လက်ကျန်စာရင်းကောက်ယူ

Powered by Drupal

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၁.၇.၂၀၂၂ရက်နေ့တွင် ဆန်/စပါးမြေပြင်လက်ကျန် အမှန်သိရှိနိုင်ရန်အတွက် ဗန်းမော်မြို့ပေါ်ရှိ လက်လီလက်ကားရောင်းချနေသော ဆန်ဆိုင်ကြီးများဖြစ်သည့် ရွှေချမ်းမြေ့၊ ငွေလမင်း၊ စေတနာ ဆန်ဆိုင်များနှင့် ဆန်စက်ကြီးများဖြစ်သော သုခစံ၊ အောင်ကောင်းစက်၊ အောင်ပြည့်ကျော်စသည့် စက်ရုံများသို့ ကွင်းဆင်း၍ ဆန်အိတ်များဝင်ရောက်လာမှု၊ ရောင်းချမှု၊ ဆန်လက်ကျန်များ၊ စပါးလက်ကျန်များ၊ ဆန်ဈေးနှုန်းနှင့် စပါးဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူခဲ့ပြီး စပါး/ဆန် ဈေးကွက်အခြေအနေအား ဆွေးနွေးမေးမြန်းခဲ့ပါသည်။ စပါး/ဆန်ဈေးနှုန်းအခြေအနေမှာ ယခင်နှစ် ဇူလိုင်လတွင် စပါးတင်း ၁၀၀ ဈေးနှုန်း ၇၀၀၀၀ဝိ/- ကျပ်ရှိပြီး ယခုနှစ်ဇူလိုင်လတွင် စပါးတင်း ၁၀၀ ဈေးနှုန်း ၇၈၀၀၀ဝိ/- ကျပ် ဖြစ်သော်လည်း ဆန်ဈေးနှုန်းမှာ ယခင်နှစ်နှင့် ယခုနှစ် အလားတူကာလ ဈေးနှုန်းသည် ကွာခြားမှုမရှိဘဲ ဈေးနှုန်းအတူတူပင်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ကချင်)