
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကစိုက်ပျိုးကြပြီး ဆန်လို တိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ ပြည်နယ်များမှ တင်သွင်းရပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး (၂၆.၄.၂၀၂၅) ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧည့်မထ(၁)တင်းလျှင် ကျပ်(၁၇၀၀၀)၊ ဆန် ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဧရာ ပဒေသာ ကျပ်(၁၃၅၀၀၀)၊ မနောသုခ ကျပ် (၉၇၀၀၀)၊ ရတနာတိုး ကျပ်(၇၂၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၄၅၀၀၀)၊ ဧရာ ပဒေသာ ကျပ်(၁၃၃၀၀၀)၊ မနောသုခ ကျပ်(၉၇၀၀၀)၊ ရတနာတိုး ကျပ်(၇၅၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၅၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၀၀၀၀)၊ မနောသုခ ကျပ်(၉၀၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာ ပဒေသာ ကျပ်(၁၀၇၀၀၀)၊ မနောသုခ ကျပ်(၁၀၀၀၀၀)၊ ရတနာတိုး ကျပ်(၈၄၀၀၀)၊ ချောက် ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၃၉၀၀၀)၊ မနောသုခ ကျပ်(၉၂၀၀၀၀)၊ ရတနာတိုး ကျပ်(၇၈၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၀၀၀၀)၊ ဧရာပဒေသာ ကျပ် (၁၃၉၀၀၀)၊ မနောသုခ ကျပ်(၁၀၀၀၀၀)၊ ရတနာတိုး ကျပ်(၈၀၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၅၉၀၀၀)၊ ဧရာပဒေသာ ကျပ်(၁၄၅၀၀၀)၊ မနောသုခ ကျပ်(၁၁၀၀၀၀)တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဧပြီလတွင် ယခင်လထက် မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၃၀၀၀)၊ ချောက်ခရိုင်တွင် မနောသုခ ကျပ်(၈၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်(၁၀၀၀၀)၊ ပခုက္ကူခရိုင်တွင် မနောသုခ ကျပ်(၇၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ မကွေးတိုင်းဒေသကြီးသို့ အခြားတိုင်း ဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးမှ ဆန်အိတ်(၄၀၁၂၇)၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ်(၆၅၀)၊ ပဲခူးတိုင်းဒေသကြီးမှ ဆန် အိတ်(၁၁၆၀)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်အိတ်(၃၁၁၆)၊ စုစုပေါင်း ဆန်အိတ်ရေ (၄၅၀၅၃)အိတ်၊ တန်ချိန်(၂၂၅၂.၆၅)တန်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)