တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် (၈.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်၊ ကချင်လမ်းရှိ ရွှေ ငါးမုန့်ကြော်လုပ်ငန်းသို့ သွားရောက်၍ ရွှေငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် ငါးမုန့်ကြော်ထုတ်လုပ်ထုပ်ပိုးမှုအခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
ငါးမုန့်ကြော်ထုတ်လုပ်ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား ဖော်ပြထားရှိပြီး သက်ဆိုင်ရာဌာန၏ အစားအသောက်ထောက်ခံချက်ရရှိထားသည့်အပြင် စနစ်တကျ ထုတ်ပိုးလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး အစားအသောက်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား၍ ထုတ်လုပ်ရောင်းချရန်၊ သက်တမ်းလွန်အစားအသောက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)