
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၆.၄.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်အတွင်းရှိ ပြည်သူ များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်စျေးနှုန်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ အခြားစီးပွားရေးလုပ်ငန်းများ၊ စျေးနှုန်းများတည်ငြိမ်စေရန် ခရိုင်/ မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်(၁၀)ချက်အနက် နောက်ဆုံးအချက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့်ဆေးဝါးများ၊ ဆောက်လုပ်ရေးပစ္စည်းများ စျေးနှုန်းမြင့်တက်ခြင်း၊ စျေးကစားခြင်း၊ စျေးကွက်အတွင်း ပစ္စည်း ပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိက ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)