
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ ညွှန်ကြားချက်ဖြင့် (၂၅.၄.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မင်းတုန်းလမ်းပေါ်ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်များရောင်းချရာတွင်လည်းကောင်း၊ ချက်ပြုတ်ရာတွင်လည်းကောင်း ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချစေရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ တကိုယ်ရေသန့်ရှင်းမှုရှိစေရေး၊ သင့်တင့်မျှတသည့် တန်ဖိုးနှင့်အညီ အစားအသောက်များကို ရောင်းချစေရေး၊ စားသုံးသူနှင့်ရောင်းချသူ အဆင်ပြေစေရန် မိမိဆိုင်မှ ဝန်ဆောင်မှုပေးသည့် သတင်းအချက်အလက်များကို စားသုံးသူများ အသုံးမပြုမီ အတိအကျပေးနိုင် ရန်အတွက် သိသာထင်ရှားစွာ လေဘယ်/ဆိုင်းဘုတ်များချိတ်ဆွဲ၍ ထားရှိရန် စားသုံးသူနှင့် ရောင်းချ သူ ကတိကဝတ်ပြုထားသည့် တန်ဖိုးနှင့်အညီ ရောင်းချစေရေး၊ ထမင်းနှင့်ဟင်းချက်များကို နေ့ချင်းပြီး ရောင်းချစေပြီး လက်ကျန်များမထားရှိရန် သွားရောက်ခဲ့သည့် မိတ်ဖက်ဌာနဖြစ်သည့် ကျန်းမာရေးမှူးမှ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို ရှင်းလင်းဆွေးနွေး ပြောကြားခြင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှလည်း အမှန်တကယ်သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုသည် အဓိကကျသောအချက်များဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ဆိုင်အတွင်း ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)