Main menu

ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အစားအသောက်ရောင်းချသည့် ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မိတ်ဖက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့များသည် အစားအသောက်ရောင်းချသည့်လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူ များ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ အစားအသောက်များ လတ်ဆတ်မှုရှိစေရန်၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊ စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန်လိုအပ်ကြောင်းနှင့် စားသုံးသူများမှ မှာယူသုံးစွဲသော ဟင်းထည့်ပန်းကန်းများ၊ ရေနွေးပန်းကန်လုံးများသည်လည်း ကွဲအက်သောပန်းကန်များ မဖြစ်စေရန်နှင့်  အသုံးပြုခြင်းမှ ရှောင်ရှားရန်လိုအပ်ကြောင်း၊ မိမိတို့ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက်များ၊ ဟင်းသီးအရွက်များအား အဝတ်စများဖြင့် လုံခြုံစွာဖုံးအုပ်၍ ထားရှိရန်နှင့် ဖုံးအုပ်ထားသော အစများသည်  သန့်ရှင်းသပ်ရပ်မှုရှိစေရန် လိုအပ်ကြောင်း၊ သို့မှသာ စားသောက်ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက်ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)