Main menu

ပခုက္ကူမြို့ ဧပြီလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်နေသော ထောပတ်ပဲဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

           မကွေးတိုင်းဒေသကြီ၊ ပခုက္ကူခရိုင်အတွင်းထောပတ်ပဲ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူကျွန်း၊  ရေစကြိုကျွန်းနယ်များ၊ မြင်းကျွန်း၊ လေးလံကျွန်းနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်၊ ကျွဲနန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖေါ်ဝါရီလ(စတုတ္ထပတ်) မှစ၍ ထောပတ်ပဲများ စတင်ရိတ်သိမ်းကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ထောပတ်ပဲဖြူများ အခြား မြို့နယ်များမှလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများမှထံမှ သိရှိ ရသည်။

          ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)မှစ၍  ပခုက္ကူကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိ ပွဲရုံများသို့လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဧပြီ(ပထမပတ်)တွင် ထောပတ် ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ်(၉၂၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်)တစ်တင်းလျှင် ကျပ် (၈၆၀၀၀) ဖြစ်ခဲ့ပြီး ဧပြီလ(စတုတ္ထပတ်)တွင် ထောပတ်ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ထောပတ် ပဲဖြူ (ကျွန်) တစ်တင်းလျှင်ကျပ် (၉၀၀၀၀)ဖြစ်၍ ဧပြီလ(ပထမပတ်)နှင့်  နှင့်နှိုင်းယှဉ်ပါက တစ်တင်း လျှင် ကျပ်(၆၀၀၀)ခန့် ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၃၀၀) မှ (၆၀၀) ထိ ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)