စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ကလေးခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းသည် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show အား ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်မှ ပြည်သူများအနေဖြင့် မိမိအိမ်မှ ကြည့်ရှုလေ့လာနိုင်ရန်အတွက် လစဉ် Talk Show များကို ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်မှုအခြေအနေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)