
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှုးရုံးမှ ခရိုင်ဦးစီးမှုးရုံး၏လမ်းညွန်ချက်ဖြင့် မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာန(ပြည်တွင်း) ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၉.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့ ပေါ်ရှိ မြေပဲပွဲရုံများသို့ မြေပဲဈေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့ပေါ် အမှတ်(၇)ရပ်ကွက်ရှိ ပွဲရုံများဖြစ်သော ဦးသိန်းမြင့်၊ ဦးသောင်းထွန်း၊ ဦးအောင်ကျော်မိုးနှင့် ဦးဌေးတင့်ပဲပွဲရုံများသို့ သွားရောက်၍ သင်္ကြန်မတိုင်ခင်မြေပဲဈေးနှင့် သင်္ကြန် ပြီး မြေပဲဈေးနှုန်းနှင့်ဈေးကွက် အခြေအနေများအားတွေ့ဆုံမေးမြန်းခဲ့ပါသည်။ ပခုက္ကူမြို့ရှိ မြေပဲပွဲရုံ များသို့ မြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိကျေးရွာများမှ မြေပဲများ ဝင်ရောက်အရောင်းအဝယ် ဖြစ်နေကြောင်း၊ သင်္ကြန်မတိုင်ခင်ဈေးမြေပဲဆံ တစ်ပိဿာလျှင် ကျပ်(၉၁၀၀-၉၂၀၀)ရှိခဲ့ပြီး သင်္ကြန် ပြီးဈေးနှုန်းအနေဖြင့် မြေပဲလုံးဆံတစ်ပိဿာလျှင် ကျပ်(၉၃၅၀)၊ မြေပဲဖြူဆံတစ်ပိဿာလျှင် ကျပ် (၈၉၀၀)၊ မြေပဲဆီဆံတစ်ပိဿာလျှင် ကျပ်(၇၉၀၀)ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့်သာဈေးတက်နေခဲ့ကြောင်း မြေပဲကုန်သည်များထံမှ သိရှိ ရသည်။ ပခုက္ကူမြို့ပေါ်တွင် မြေပဲသုံးစွဲမှုအနေဖြင့်ဆုံဆီ လုပ်ငန်ရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ပိဿာချိန်(၂၅) ပိဿာပါအိတ်ရေ(၅၀၀)ခန့် သုံးစွဲမှုရှိကြောင်း၊ မြေပဲဆံလက်ကျန်အနေဖြင့် တစ်မြို့လုံးအိတ်ရေ အားဖြင့်(၁၅၀၀၀)ခန့်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)