Main menu

မြင်းခြံခရိုင်ရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးတွင် အင်တာနက် Wifi ရယူသုံးစွဲရခြင်းအပေါ် စိတ်ကျေနပ်မှုမရရှိ၍ တိုင်ကြားလာ

Powered by Drupal

          စားသုံးသူရေးရာဦးစီဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်နေသလို တစ်ဖက်မှာ စားသုံးသူများ ကုန်စည်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းမှ ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိရာ ၂၈-၄-၂၀၂၅ ရက်နေ့တွင် အင်တာနက် Wifi ရယူသုံးစွဲမှုနှင့်ပတ်သက်၍ မြင်းခြံမြို့၊အမှတ် (၁၁) နေ စားသုံးသူတစ်ဦးမှ အင်တာနက် Wifi ရယူသုံးစွဲရာတွင် မကြာခဏ အင်တာနက်လိုင်းပြတ် တောက်ခြင်းအတွက် ပြန်လည်အစားထိုးမရရှိခြင်း ၊ ကြိုတင်ငွေပေးဆောင်ရက်မတိုင်မီ တစ်ရက် စော၍ အင်တာနက်လိုင်းဖြတ်တောက်ခံရ၍ စိတ်ကျေနပ်မှုမရရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးသို့ လာရောက်တိုင်ကြားထားကြောင်းသိရသည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ် သက်၍စိစစ်ပြီး သက်ဆိုင်ရာမှ တာဝန်ရှိသူအား ဖိတ်ကြား၍ စားသုံးသူစိတ်ကျေနပ်မှုရရှိ စေရေးအတွက် စေ့စပ်ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)