Main menu

ဒေသတွင်းမှထွက်ရှိသော ဟင်းသီးဟင်းရွက်အခြောက်များကို တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ Myanmar Belle Shin-Shin Foods Co., Ltd သည် တောင်ကြီးမြို့နယ်အနီးပတ်ဝန်းကျင်ရှိ ရွာများဖြစ်သော သိမ်ကုန်းကျေးရွာ၊ ပုန်းအင်းကျေးရွာ၊ ပင်းတယမြို့နယ်ရှိ ကျေးရွာများနှင့် ဟဲဟိုးဘော်နင်းကုန်းကျေးရွာရှိ စိုက်ခင်းများမှ တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ စာချုပ်ချုပ်ဆိုပြီး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိရာ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို Myanmar Belle Shin-Shin Foods Co., Ltd ပိုင် ဟင်းသီး ဟင်းရွက်အခြောက်ခံစက်ရုံတွင် ကျွမ်းကျင်လုပ်သား (၁၅၀)ဦး၊ နေ့စားလုပ်သား (၃၀)ဦး၊ စုစုပေါင်း လုပ်သား (၁၈၀)ဦးခန့်ဖြင့်  နေ့စဉ်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

      Myanmar Belle Shin-Shin Foods Co., Ltd သည် နိုင်ငံတကာအသိအမှတ်ပြု ISO-22000 လက်မှတ်ရရှိထားသော ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံတစ်ခုဖြစ်ပြီး တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်စေရေး၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် ဟင်းသီးဟင်းရွက်များ ပုပ်သိုးပျက်စီးမှု နှင့် ရင်ဆိုင်ရသော အခြေအနေများမှ ကင်းဝေးစေရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသော တောင်သူများ အတွက် တည်ငြိမ်သည့်ဈေးကွက်နှင့် သေချာခိုင်မာသော အကျိုးအမြတ်ရရှိစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသောဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးအစီအစဉ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းထွက်ကုန်ကြမ်းမှ Value Added ထုတ်လုပ်၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေရေး၊ Safety, Healthy, Tasty ဖြစ်သော စားသောက်ကုန်များဖြစ်လာစေရေး စသည့် ရည်ရွက်ချက်များဖြင့် အဆိုပါစက်ရုံသည် ဂေါ်ဖီထုပ် အခြောက်၊ မုန်လာဥဖြူအခြောက်၊ မုန်လာဥဖြူအရွက်ခြောက်၊ ဟင်းနုနွယ်အရွက်ခြောက်နှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များကို အခြောက်ခံကာ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ပြီး ပြည်ပနိုင်ငံဖြစ်သော ဂျပန်နိုင်ငံသို့ နှစ်စဉ်တင်ပို့လက်ရှိကြောင်း သိရှိရပါသည်။

          Myanmar Belle Shin-Shin Foods Co., Ltd မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဂေါ်ဖီထုပ်ခြောက် (၇၅.၅၂)တန်၊ တန်ဖိုး (၃၈၃၇၅၂)ဒေါ်လာ၊ မုန်လာဥဖြူခြောက် (၁၀.၅၂)တန်၊ တန်ဖိုး (၆၅၂၂၄)ဒေါ်လာ၊ မုန်လာဥဖြူအရွက်ခြောက် (၁၀၇)တန်၊ တန်ဖိုး (၅၈၈၅၈၈)ဒေါ်လာ၊ စုစုပေါင်း ဟင်းသီးဟင်းရွက်အခြောက် (၁၉၃.၀၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၃၇၅၆၄)အား တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)