
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဒူးရင်းသီးများ ကို ပြည်ပစျေးကွက်သို့ ထိုးဖောက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ တာဝန်ရှိသူထံမှ သိရှိရပါသည်။
တရုတ်နိုင်ငံသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိသော ဒူးရင်းသီးများကို ပြည်ပနိုင်ငံ များမှဝယ်ယူတင်သွင်းလျက်ရှိပြီးလက်ရှိတွင် ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခန့်၊ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် နှင့် မလေးရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလီယံခန့် တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း စျေးကွက် ရရှိရန် ကြိုးပမ်း ဆောင်ရွက် မည်ဖြစ် ကြောင်း သိရသည်။
မြန်မာ့ဒူးရင်းသီးတွေကို ပြည်ပစျေးကွက်မှာ နေရာရရှိစေဖို့ရည်ရွယ်ချက်ဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း၌ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပခဲ့တဲ့ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာ့ဒူးရင်းသီးအကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ် လုပ်ငန်းရှင်တွေများ စိတ်ဝင်စားခဲ့ကြောင်း သိရှိရပါသည်။
ယခုအခါ မြန်မာ့ဒူးရင်းသီးများကို ပြည်ပသို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကိုလည်း ဖွဲ့စည်းထားပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် တို့မှ တိုင်းဒေသ ကြီးအဆင့်၊ ပြည်နယ်အဆင့် ဖွဲ့စည်းထားသည့်အသင်းများကို စုစည်းကာ နိုင်ငံ အဆင့်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း၌ ဒူးရင်းသီးမျိုးကွဲပေါင်း ၁၈ မျိုးခန့်ရှိသည့် အနက် စျေးကွက်သေချာသည့် ဒူးရင်းသီးမျိုးများကို အရည်အသွေးမြှင့်တင် ကာ တရုတ်နိုင်ငံ အပါအဝင် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ် ကြောင်း၊ အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒူးရင်းသီးစားသုံးမှု မြင့်မားသော နိုင်ငံများဖြစ်ကြပြီး နှစ်စဉ်ပြည်ပမှ ဒူးရင်းသီးတန်ချိန် အမြောက်အမြား တင်သွင်းလျက် ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
