Main menu

မဟာမြိုင်(၂)ရပ်ကွက်ရှိဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊   မဟာမြိုင်(၂) ရပ်ကွက်တို့ရှိ  အိမ်ဆောက်ပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၁)ခုသို့    ၂၈.၄.၂၀၂၅    ရက်နေ့  နံနက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး  ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါ သည်။

           အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တင် ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးတို့အတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရပါသည်။