ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၀ဝဝိ/-)နှုန်းစျေးပေါက်နေ ကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်းသိရှိရပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် (၄၀၀ဝ-၄၃၀၀) ကျပ်ရှိပြီး သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၃၀၀၀-၂၃၅၀၀)ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ကွမ်းသီးစျေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး သီဟိုစျေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)