
(၁၉.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ကုန်သွယ်ရေးဦးစီးဌာနမှ ပူးပေါင်း၍ အမှတ်(၆၂)၊ အောက်မင်္ဂလာဒုံလမ်း၊ (၁)ဂိတ်မှတ်တိုင်၊ အင်းစိန်မြို့နယ်ရှိ စိန်ဂေဟာ (အောင်ဆန်း) Mobile Phone အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော လက်ကိုင်ဖုန်းများတွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်တာဝန်ခံအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင် ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထပ်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)