Main menu

လှိုင်သာယာမြို့နယ်ရှိ VIP Mobile ဖုန်းဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ကုန်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၁၉.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ VIP Mobile ဖုန်းဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၂၆၄/က)တံတားဖြူမှတ်တိုင်၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြိုန့ယ်ရှိ VIP Mobile ဖုန်းဆိုင်တွင် ရောင်းချနေသည့် Remi၊ Honor၊ Samsung၊ Oppo၊ Vivo၊ Tecno၊ Infinity အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားများရှိ/မရှိ စစ်ဆေးခဲ့ပြီး မိမိတို့ရောင်းချမည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)