Main menu

“ခရမ်းမြို့နယ်ရှိ Mobile Phone ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များအား စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  မေလ(၂၀)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တယ်လီကွန်၊ လပြည့်ဝန်း၊ ဆွေသဟာ၊ စိမ်းလန်း Mobile Phone ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ  မြန်မာဘာသာဖြင့် ဖော်ပြခြင်း ရှိ/မရှိအား စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ရောင်းချနေသော လက်ကိုင်ဖုန်းများတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုးများအား မြန်မာဘာသာဖြင့် မဖြစ်မနေတည့်သွင်း ဖော်ပြထားသောဖုန်းများကို ရောင်းချခြင်းဖြင့် စားသုံးသူများသည် သတင်းအချက်အလက် ပြည့်စုံစွာရရှိစေနိုင်ပြီး ရွေးချယ်ဝယ်ယူနိုင်ခွင့်များရရှိ၍ စားသုံးသူအခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ခြင်းကြောင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောဖုန်းများကိုသာ ရွေးချယ်ဖြန့်ဖြူး ရောင်းချခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်ကိုသာ မြို့နယ်တာဝန်ခံက အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)