Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကုလားပဲဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

   ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၇၀၀၀၀)ကျပ် ၊ကုလားပဲ(929)(၁)တင်းလျှင်(၇၃၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင်(၇၆၀၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု ပတ်အတွင်း ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိ သည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)