Main menu

“သုံးခွမြို့နယ်ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှု အခြေအနေများကွင်းဆင်းစစ်ဆေး ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့မှ  မေလ(၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ ဆီကိုယ်စားလှယ်များ ရောင်းချနေသော ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဌ ဗိုလ်မှူးလင်း မောင်သက်နှင့်အဖွဲ့၊ မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ ဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနိမှ ခေတ္တ ဥက္ကဌအပါအဝင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် အမှတ်(၄)ရပ်ကွက်ရှိ ဦးအင်းရွှေနှင့် ညီမ ဒေါ်အေးကြည် ဓာတ်မြေဩဇာအရောင်းဆိုင်၊ အမှတ်(၉)ရပ်ကွက်ရှိ မြတ် ဓာတ်မြေဩဇာ အရောင်းဆိုင်၊ ရွှေစင် ဓာတ်မြေဩဇာအရောင်းဆိုင်နှင့် ရောင်ခြည်ဦး ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ ဓာတ်မြေဩဇာ ရောင်းချနေမှု အခြေအနေ၊ ဝယ်ယူရရှိမှု အခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ဓာတ်မြေဩဇာများအား ဝယ်ယူသည့် ဈေးထက်ပိုမို၍ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ရောင်းချစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)