Main menu

“ သန်လျင်မြို့နယ် Orange Super Market နှင့် ဘုရားကြီးဈေးရှိ Mobile Phone ၊ ကြိုးဖုန်း၊ Laptop၊ TV ရောင်းချသည့်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ ကုန်သွယ်ရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရဲလင်းဟိန်း တို့နှင့် ပူးပေါင်း၍ မေလ(၁၉)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် သန်လျင်မြို့ Orange Super Market နှင့် ဘုရားကြီးဈေးရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop ၊ TV ရောင်းချသည့် အရောင်းဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက ဆိုင်အတွင်းရောင်းချလျက်ရှိသော Mobile ဖုန်းနှင့် TV များတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှလည်း တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများအား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ အဆိုပါပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သတ်၍ ပြည်သူများ ဝယ်ယူသုံးစွဲရာတွင် အလွယ်တကူ အသုံးပြုနိုင်ရေးအတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)