
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ ပဲမျိုးစုံးစိုက်ပျိုးလျက်ရှိရာ ၎င်းပဲမျိုးစုံထဲတွင် ပဲယင်းသီးနှံကို မြစ်ခြေနှင့် ရေစကြိုမြို့နယ်များတွင် အဓိက စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူ ကုန်စည်ဒိုင်တွင် မြစ်ခြေဒေသမှစိုက်ပျိုးသော ပဲယင်းနီများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲယင်းနီ စိုက်ပျိုးဧက(၈၀၀)ရှိပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲယင်းနီ(မြစ်ခြေ)ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ပဲယင်းနီ(ယော)တစ်တင်းလျှင် ကျပ်(၈၇၇၀၀)ဖြစ်ပြီး မေလ (တတိယပတ်)တွင် ပဲယင်းနီ(မြစ်ခြေ)တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ် (၉၁၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲယင်းနီတစ်တင်းလျှင် ကျပ်(၃၈၀၀)ခန့် ဈေးတက်နေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ(၅၀ မှ ၁၀၀) ထိဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရသည်။
DOCA(မကွေး)