
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ၂၀.၅.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင်လမ်းမပေါ်ရှိ အဲဗား အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း တာဝန်ရှိသူများထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့မေးမြန်းရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး) က အဲဗား အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ဆွေးနွေးခဲ့ပြီး၊ ဘိလပ်မြေများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေးနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကို ကွင်းဆင်း ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)