Main menu

ရွှေစျေးကွက်တည်ငြိမ်စေရန် ဗီယက်နမ်နိုင်ငံ၏ ဗဟိုဘဏ်အား ဗီယက်နမ်ဝန်ကြီးချုပ်မှ အမိန့်ပေးခဲ့

Powered by Drupal

          ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh မှ ပြည်တွင်း ရွှေစျေးများ သိသာစွာ အတက် အကျဖြစ်ခြင်းနှင့် ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ နှုန်းထားများအကြားကွာဟမှု ကျယ်ပြန့်လာ ခြင်းတို့ကြောင့်ရွှေစျေးကွက်တည်ငြိမ်မှုရှိစေရန် နိုင်ငံ‌တော်ဗဟိုဘဏ်အား ညွှန်ကြားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက မေလ ၁၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။ ‌ရွှေစျေးမငြိမ်မသက်ဖြစ်ပြီး နိုင်ငံ၏ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်များ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို မထိခိုက်စေကြောင်း သေချာမှုရှိစေရန် နိုင်ငံတော်ဘဏ်အား တာဝန်ပေးထားကြောင်းနိုင်ငံပိုင်မီဒီယာမှ Chinh ၏ အဆိုကို ကိုးကား၍ဖော်ပြချက်အရသိရသည်။ Saigon Jewelry Company (SJC) ၏ ရွှေချောင်း များစျေးသည် ဗီယက်နမ်ဒေါင် ၁၂၂.၅ သန်းသို့ မြင့်တက်လာသောအခါ ၂၀၂၅ ဧပြီ ၂၂ တွင် ဗီယက် နမ်နိုင်ငံ၏ ‌‌ရွှေစျေးနှုန်းသည် သမိုင်းဝင်အမြင့်ဆုံးသို့‌ရောက်ရှိခဲ့သည်။ မေလ ၁၄ ရက်‌နေ့ တွင် SJC ၏‌ရွှေချောင်စျေးသည် ရောင်းသူအတွက် ဗီယက်နမ်ဒေါင် ၁၁၈ သန်း (ဒေါ်လာ ၄၅၄၈) နှင့် ဝယ်ယူ သူအတွက်ဗီယက်နမ်ဒေါင် သန်း ၁၂၀ (ဒေါ်လာ ၄၆၂၅) ရှိကြောင်းသိရသည်။

Source : Xinhua  

DOCA(ရန်ကုန်)