
မလေးရှားနိုင်ငံ၏ သဘာဝရော်ဘာထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် တတိယ သုံးလပတ်က တန်ချိန် ၁၁၇၀၄၀ နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ပထမသုံးလတွင် တန်ချိန် ၉၅၀၅၉ သို့ ၁၈.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း မေလ ၁၄ ရက်နေ့ကထုတ်ပြန်သော တရားဝင်အချက်အလက်များ အရသိရသည်။ မလေးရှားစာရင်းအင်းဌာန (DOSM) ၏ ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံ၏ ၂၀၂၅ ပထမလ၏ သဘာဝရော်ဘာ ထုတ်လုပ်မှုသည် ၂၀၂၄ ပထမလ၏ သဘာဝရာဘာထုတ် လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၉.၃ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်။ မတ်လအတွက် သဘာဝရော်ဘာ ထုတ်လုပ်မှုသည် ဖေဖော်ဝါရီလက ထုတ်လုပ်ခဲ့သော ၃၆၀၀၅ တန်နှင့်နှိုင်းယှဉ်ပါက ၂၁၇၁၂ တန် သို့ ၂၀.၃ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ နှစ်အလိုက်ယှဉ်ပါက သဘာဝရော်ဘာ ထုတ်လုပ်မှုမှာ ၂၀၂၄ ခုနှစ်၏ တန်ချိန် ၂၆၉၆၆ မှ ၆.၅ ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ တရုတ်နိုင်ငံသည် မတ်လတွင် စုစုပေါင်းရော်ဘာ တင်ပို့မှု၏ ၄၇.၇ ရာခိုင်နှုန်းဖြင့် သဘာဝရာဘာ တင်ပို့မှုအတွက် အဓိက ဦးတည်ရာအဖြစ်ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏နောက်တွင် ဂျာမနီ (၈ ရာခိုင်နှုန်း) ၊ အမေရိကန် ( ၇.၄ ရာခိုင်နှုန်း)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၆.၃ ရာခိုင်နှုန်း) နှင့် အီဂျစ် (၃.၃ရာခိုင်နှုန်း) တို့ရှိကြသည်။ လက်အိတ်၊ တာယာ၊ ပြွန်နှင့်ရော်ဘာချည် စသည့် သဘာဝ ရော်ဘာ အခြေခံထုတ်ကုန်များကြောင့် တင်ပို့မှုစွမ်းဆောင်ရည် မြင့်တက်လာခဲ့ သည်။ မတ်လတွင် တန်ဖိုး ၁.၃ ဘီလီယံရင်းဂစ်ရှိသော လက်အိတ်များသည် အဓိကတင်ပို့သော ရော်ဘာ အခြေခံ ထုတ်ကုန်ဖြစ်ပြီး ဖေဖော်ဝါရီလက တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ သည်။
Source : Xinhua
DOCA(ရန်ကုန်)