Main menu

လက်ကိုင်အိတ်ပြုလုပ်နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သော လက်ကိုင်အိတ်ပြုလုပ်နည်းပညာသင်တန်းကို ဇူလိုင်လ ၇ ရက် မှ ဇူလိုင် ၈ ရက် နေ့ အထိ နေ့စဉ်နံနက် ၁၁:၀၀ နာရီမှ နေ့လည် ၁၂:၀၀နာရီအထိ သင်ကြားပို့ချခဲ့ရာ သင်တန်းသူ ၁၂ ဦး တက်ရောက်ကြောင်း သိရှိရသည်။

          အဆိုပါသင်တန်းကို အမျိုးသမီးများ ပွဲတက်အနေဖြင့် အသုံးပြုလျက်ရှိသော လက်ကိုင် အိတ်များကို မိမိတို့ကိုယ်တိုင်ပြုလုပ်၍ သုံးစွဲတက်စေရန်ဖြစ်ပြီး လက်ကိုင်အိတ်သည် မြန်မာ အမျိုးသမီးများအတွက်လည်း မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ဖြစ်သည့်အလျောက် မိမိတို့ ကိုယ်တိုင်ပြုလုပ်သုံးစွဲသဖြင့် အပိုကုန်ကျစရိတ်များ သက်သာစေရန်၊ တစ်နိုင်တပိုင် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များ တိုးပွားလာစေရန်နှင့် မိသားစုဝင်ငွေ ပိုမိုရရှိလာအောင် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း သိရှိရသည်။

          ၎င်းသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော် ကလည်း မိမိတို့ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန် များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် မတ်လာ ၁၅ ရက်မှစတင်၍ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာသာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြပါရှိမှသာလျှင် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချ ရမည်ဖြစ်ကြောင်း ဝန်ဆောင်မှုနှင့်ပတ်သက်၍လည်းကောင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)သို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို သင်တန်းတက်ရောက်သူများအား အခါအခွင့်သင့်သလို အသိပေးရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)