Main menu

ရွှေတောင်ဒေသထွက် ထိုင်ဝမ်ကန်စွန်းရွက်

Powered by Drupal

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးထားရှိကြောင်း သိရှိရပါသဖြင့် တောင်သူဒေါ်မြင့်မြင့်ကြည်ထံသွားသို့ (၂.၅.၂၀၂၅)ရက်နေ့တွင် သွားရောက်လေ့လာခဲ့သည်။ ကန်စွန်းစိုက်ပျိုးရန် အတောင်(၁၀၀)ရှိ မြေကြီးဘောင်ပြုလုပ်ပြီး နောက်ဝက်ချေးမြေဆွေး ထည့်ရပါသည်။ ထို့နောက် အစေ့ချစိုက်ပျိုးပြီး (၁၅) ရက်ကြာလျှင် မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ရပါသည်။ ကုန်ကျစရိတ်အားဖြင့် (၇၀၀၀၀)ကျပ် ခန့်ကုန်ကျပြီး စတင်စိုက်ပျိုးပြီး (၁)လအကြာတွင် ခူးရောင်း၍ရပြီဖြစ်သည်။ ကုန်စိမ်းဒိုင်မှ အခင်းအထိလာ ရောက်ဝယ်ယူကြောင်း (၁၀)ညွန့်တစ်စီးလျှင် (၁၀၀)ကျပ်နှုန်းရရှိပြီး တစ်ခါခူးလျှင် (၅၀၀၀၀) ကျပ်ခန့်ရရှိပါသည်။ ရေလောင်းလိုက်၊ အစာကြွေးလိုက်ဖြင့် မိုးမကျခင်ခူး၍ ရောင်းရကြောင်း သိရှိပါသည်။

DOCA(ပဲခူး)