Main menu

အင်းစိန်မြို့နယ်၊ လေဟာပြင်ဈေးရှိ ပူစူးမစားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့် ဝန်ထမ်းများသည် အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ အင်းစိန်လေဟာပြင်ဈေးရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်များသို့ (၂၀.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသော ပူစူးမကုန်စုံဆိုင်မှ မိမိတို့ရရှိသော ခွဲတမ်းများကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်လကို(၂)ပိဿာ(၅၀)ကျပ်သားရရှိကြပြီး မိမိတို့ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပါကြောင်း လက်ကျန်ထားရှိခြင်းလည်းမရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)