Main menu

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           (၂၀.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဉီးမြင့်လွင်စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကို သတ်မှတ်ဈေးနှုန်းအပေါ် (၂%)အမြတ်တင်၍ စားသောက်ဆိုင်၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်များသို့ သတ်မှတ်ခွဲတမ်းအလိုက် အလှည့်ကျခွဲဝေပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)