
(၂၀.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(၁)ဦး၊ တိုက်ကြီးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေးတို့ပူးပေါင်းပါဝင်လျက် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဦးထွန်းလွင်ဆိုင်မှ စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက် ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နေ့လည်(၀၁:၀၀)နာရီမှ ညနေ(၀၅:၀၀)နာရီထိ ရောင်းချပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကို နောက်တစ်နေ့နံနက်တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာများလည်းထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)