
(၂၀.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါ၍ ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်အတွင်းရှိ လာဒ်ရွှင်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပြီး စာအုပ်စနစ်ဖြင့် အိမ်ထောင် စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂)ပိဿာရရှိမှာဖြစ်ပြီး ရောင်းချချိန်ကိုလည်း ဆီကားအဝင်ပြီးတည်းက ညနေပိုင်းအထိ ရောင်းချပေးကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထားခြင်း စစ်ဆေးတွေ့ရှိရပြီး တိုင်ကြားချက်များမရှိအောင်လည်း ဂရုစိုက်ဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)