Main menu

မင်္ဂလာဒုံမြို့နယ်၊ Terminal M ရှိ Pro 1 Plus Branch တွင် ရောင်းချသည့် TV အမျိုးအစားများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              (၂၁.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ Terminal M ရှိ Pro 1 Plus Branch တွင် ရောင်းချသည့် TV အမျိုးအစားများအား ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ် ရှိ Pro 1 Plus Branch ဆိုင်၌ ရောင်းချနေသော TV အမျိုးအစားများမှာ Samsung၊ LG၊ Hisense၊ TCL အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားများရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်တာဝန်ခံအား မိမိတို့ ရောင်းချသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)