Main menu

“ တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းသွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မေလ(၂၀)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ဖော်ပြထားမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ် တာဝန်ခံ ဦးအာကာမင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဒေါ်သင်းသင်းအေး ကုန်စုံဆိုင်၊ ကျော်ရဲလင်း ကုန်စုံဆိုင်တို့တွင် ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သွားတိုက်ဆေးများအား စစ်ဆေးခဲ့ရာ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြင့် ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ နောင်တွင်လည်း ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများအား ရောင်းချခြင်းဖြင့် စားသုံးသူများ၏ အခွင့်အရေးများ ပြည့်စုံစွာရရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးတို့အတွက် ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)